ကျောင်းဆိုင်ရာအချက်အလက်များ
တည်နေရာနှင့်အကျယ်အ၀န်း
၁။ အစိုးရစက်မှုလက်မှုသိပ္ပံ (သရက်မြို့)သည် မကွေးတိုင်းဒေသကြီး ၊သရက်ခရိုင်၊သရက်မြို့၏အနောက်(၃)မိုင် အကွာ ၊ရေဖြူကျေးရွာအုပ်စု၊ သရက်မင်းတုန်းကားလမ်း မြောက်ဘက်တွင်တည်ရှိပြီး၊ ဧရိယာ (၃၉.၈) ဧကကျယ်၀န်းပါသည်။
ဖွဲ့စည်းတည်ဆောက်ခဲ့သည့်ခုနှစ်သမိုင်းကြောင်း
၂။ အစိုးရစက်မှုလက်မှုသိပ္ပံ (သရက်မြို့)အား သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် (၂၀၁၀-၂၀၁၁) ပညာသင်နှစ် (၆.၁၂.၂၀၁၀)တွင်စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။
- ကျောင်း၏ရည်ရွယ်ချက်
- နည်းပညာသက်မွေးပညာရေးသင်တန်းများသို့ တက်ရောက်နိုင်မည့် အခွင့်အလမ်းများပိုမိုဖန်းတီးပေးရန်
- နည်းပညာသက်မွေးပညာရေး အရည်အသွေးပိုမိုကောင်းမွန်လာစေရန်နှင့် လုပ်သားဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီလာစေရန်
- နည်းပညာသက်မွေးပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့်စွမ်းဆောင်ရည် ပိုမိုတိုးတက်ကောင်းမွန်းလာစေရန်
- မျှော်မှန်းချက်
- အစိုးရစက်မှုလက်မှုသိပ္ပံ(သရက်)သည်လာမည့်၂၀၃၀ခုနှစ်တွင်ဒေသတွင်းအာဆီယံနိုင်ငံများအပြင်အာရှနိုင်ငံများရှိ နည်းပညာနှင့် သက်မွေးသင်တန်းကျောင်းများနည်းတူအရည်အသွေးမြင့်လာစေရန်
စဉ် | အမည် | ပညာအရည်အချင်း | တာဝန်ထမ်းဆောင်ခဲ့သောကာလ |
---|---|---|---|
၁ | ဦးဇော်ငွေ | (ME,EC) | (၉.၁၂.၂၀၀၉) မှ(၃.၅.၂၀၁၀)ထိ |
၂ | ဦးမင်းမင်းဦး | ME (IE) | (၄.၅.၂၀၁၀)မှ(၂၄.၆.၂၀၁၄)ထိ |
၃ | ဒေါ်အေးနွဲ့စံ | ME(Mechnical) | (၂၅.၆.၂၀၁၄) မှ (၁၅.၅.၂၀၁၈) |
၄ | ဒေါက်တာကျော်စံဝင်း | Ph.D(EP) | (၁၆.၅.၂၀၁၈)မှ ယနေ့ထိ |